မြိတ်ကမ်းနားလမ်းတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ပဲ We ❤ Myeik အားဝင်တိုက်မြိတ်မြို့၊ကမ်းနားလမ်းတွင် ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်က အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ပဲ We ❤ Myeik ဆိုင်းဘုတ်ကို ကာရံထားတဲ့ အုတ်ခုံတုံးကိုဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါတယ်။

နာရီစင်လမ်းဘက်မှ မောင်းနှင်လာတဲ့ HARRIER အမျိုးအစား(ယာဉ်အမှတ် 7L -5543) ယာဉ်ဟာ ကမ်းနားလမ်းဆုံအရောက်မှာ ဆိပ်ငယ်တံတားဘက် ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ပဲ We ❤ Myeik ဆိုင်းဘုတ်ကိုကာရံထားတဲ့ အုတ်ခုံတုံးကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်းသိရပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွားပြီး မောင်းနှင်ထွက်ပြေးနေတဲ့ယာဉ်ကို ဖမ်းဆီးရမိရေး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *