မြန်မာ့နိုင်ငံရေးအခြေအနေတွေကို တစ်ကမ္ဘာလုံးသိအောင် တောင်ကိုရီးယား ရုပ်သံကနေ တဆင့် ပြောကြားပေးလိုက်တဲ့ မြန်မာပြည်ဖွားဆရာမလေး ချမ်းမြမြသော်

0
251

ဆိုရှယ်မီဒီယာပေါ်မှာ video တွေကနေတဆင့် ကိုရီးယားဘာသာ စကားကို သင်ကြားပေးနေတဲ့ မြန်မာလူမျိုး ကိုရီးယားဘာသာစကား ဆရာမလေး ချမ်းချမ်း(ချမ်းမြမြသော်)ကတော့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ်မှာ တောင်ကိုရီးယားရဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာပါဝင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို တစ်ကမ္ဘာလုံးသိအောင် သတင်းစကားပါးခဲ့ပါတယ်။

“ကျွန်မ ဒီနေရာကနေ မြန်မာပြည်သူလူထုကိုယ်စား သူတို့ရဲ့ စကားသွတွေကို တဆင့်ပြောပေးချင်ပါတယ်။လက်ရှိ ကျွန်မတို့နိုင်ငံရဲ့ စစ်တပ်ကကြေငြာထားတဲ့ အရေးပေါ်အခြေအနေဆိုတာ ပြည်သူတွေရဲ့ ဆန္ဒလုံးဝမဟုတ်ကြောင်း အရင်ဆုံးပြောချင်ပါတယ်။ သူတို့ရဲ့ တစ်နှစ်အရေးပေါ်အခြေအနေ ( အာဏာသိမ်းမှု ) ဆိုတာ လုံးဝ အတည်ပြုလိုက်လို့မရပါဘူး။ ဒီဟာကို သေချာပေါက်ပြန်ရုတ်သိမ်းပေးမှာ ရမှာဆိုပေမယ့် ဒါက မြန်မာပြည်သူတွေရဲ့ အင်အားနဲ့တင် မဖြစ်နိုင်တဲ့အခြေအနေပါ။

ဆရာမရယ် အရမ်းဂုဏ်ယူပါတယ် ❤️❤️ဘာသာလေးပြန်ပေးတင်ပေးလိုက်ပါတယ်နော် မျှဝေပေးချင်လို့ပါ

Videoကြည့်ရန်