မြင့်မြတ်ကို သူ့အဖေက အရှက်ခွဲချင်လို့ ကြံစည်နေတာကြာပြီလို့ ပြောလာတဲ့ မြင့်မြတ်ရဲ့ မိခင်

0
436

အကယ်ဒမီ သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိတာကြောင့် ပရိသတ်တွေသာမက အနုပညာလောကသားတစ်ခုလုံးက လေးစားကြရသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရဆိုတဲ့ စကားအတိုင်း သရုပ်ဆောင်မင်းသား မြင့်မြတ်က ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ဖခင်ကိုယ်တိုင် ဖြေကြားခဲ့တဲ့ အင်တာဗျုးဗီဒီယိုကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ် ။

ဒါပေမယ့် မြင့်မြတ်အကြောင်းကိုသိပြီး မြင့်မြတ်တို့ မိသားစုအတွင်းရေးတွေကိုပါသိတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကတော့ မြင့်မြတ်ဘက်ကနေ ရပ်တည်ပြီး ပရိသတ်တွေ အထင်အမြင်မလွဲအောင် ဖြေရှင်းပေးခဲ့ကြတာ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်..။

ဒီကနေ့မှာတော့ အကယ်ဒမီသရုပ်ဆောင် မြင့်မြတ်ရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဂျူးဂျူးပန်ထွာ က မြင့်မြတ်ရဲ့ မိခင်ကိုယ်တိုင် ပြောကြားထားတဲ့ မြင့်မြတ်တို့ မိသားစုအတွင်းရေး ဗီဒီယိုကို ချပြလာခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာ မြင့်မြတ်ရဲ့မိခင်ပြောတာကတော့ မြင့်မြတ်ရဲ့ဖခင်က သားဖြစ်သူရဲ့ထောက်ပံ့မှုကို အပြည့်အဝရရှိပြီး ဆိုင်တစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထားကြောင်း၊မင်းသား မြင့်မြတ်ရဲ့ဖခင်ဟာ သားကိုအရှက်ခွဲချင်လို့ ကြံစည်နေတာ ကြာခဲ့ပြီဖြစ်ကြောင်း ကိုယ်တိုင်ပြောကြားလာတာကို အခုလိုပဲ တွေ့ရပါတယ်..။

အကယ်ဒမီသရုပ်ဆောင်မင်းသား မြင့်မြတ်ရဲ့ မိခင်ကတော့ သားအလိမ္မာအတွက် မားမားမတ်မတ်ရပ်တည်ပေးပြီး မိသားစုအတွင်းရေးတွေကို ရှင်းရှင်းလင်းလင်းပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး မြင့်မြတ်အပေါ် သံသယတွေထား ခဲ့မိရင် အားလုံးရှင်းလင်းသွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။