ပြည်သူတွေနဲ့ အတူနေ့တိုင်းလမ်းမပေါ်ထွက်ပြီး အင်အားအပြည့်နဲ့ ရင်ဆိုင်ရပ်တည်ပြီး ဆန္ဒဖော်ထုတ်နေတဲ့ အိန္ဒြာကျော်ဇင်

0
277

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ ယနေ့ထိတိုင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ပရိသတ်များစွာရဲ့ အချစ်တွေကို အပြည့်အဝ သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်နော်။မအူဝဲနဲ့ပြေတီဦးတို့ရဲ့ အိမ်ထောင်ရေးလေးကလည်း သာယာအေးချမ်းလို့ ဆယ်စုနှစ်ကျော်တောင်ရှိနေပြီဖြစ်ပါတယ်နော်။

အိန္ဒြာကျော်ဇင်က သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားတဲ့မိခင်ဖြစ်ပေမယ့် အလှလုံးဝမပျက်သွားဘဲ နုငယ်ပျိုမျစ်နေတာဖြစ်လို့ မိန်းကလေး ပရိသတ်တွေကတောင် သူမရဲ့အလှတရားတွေကို အမြဲချီးကျူးနေရတာဖြစ်ပါတယ်။

အူဝဲက အခုချိန်မှာဆိုရင်လည်း နေ့စဉ်နေ့တိုင်းလမ်းမပေါ်ထွက်နေရပေမယ့်လည်း အသားအရေလေးကအစကြည်လင်ဝင်းပပြီးနုဖတ်နေတာပဲဖြစ်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်တော့ အူဝဲကချစ်ခင်ပွန်းပြေတီဦးနဲ့အတူ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။အူဝဲတို့ဇနီးမောင်နှံက လူမင်း၊ကိုပေါက်၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ဇင်ဝိုင်း စတဲ့အနုပညာရှင်တွေနဲ့အတူ ပြည်သူတွေဘက်ကနေ တစ်သွေးတည်း၊တစ်သားတည်း ရင်ဆိုင်ရပ်တည်နေတာ ပဲဖြစ်ပါတယ်နော်။

အူဝဲတို့ဇနီးမောင်နှံကတော့ နေ့တိုင်းအပြင်ထွက်ပြီး ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်နေတာဖြစ်လို့ သူမကိုချစ်ကြတဲ့ပရိသတ်တွေတောင် အားတက်သွားရပါတယ်နော်။မနေ့ကဆိုရင်တော့ အူဝဲက ကားလေးနဲ့ လှည့်လည်ပြီးပါဝင်လှုပ်ရှားခဲ့တဲ့အပြင် လမ်းသွားရင်းနဲ့လည်း တွေ့သမျှပြည်သူတွေကို အပြုံးချိုချိုလေးနဲ့နှုတ်ဆက်သေးတာဖြစ်ပါတယ်။လူလည်းအရမ်းလှသလို စိတ်ထားလေးကလည်းဖြူစင်တဲ့ နိုင်ငံကျော်မင်းသမီးအူဝဲရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။