ပြည်သူတွေကို မထိခိုက်အောင် ရှေ့ဆုံးကနေ ဒိုင်းတွေနဲ့ ကာကွယ်ပေးပြီး မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြတဲ့ ပိုင်တံခွန်နဲ့ တိုင်ရွန်

0
283

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ Model ၊သရုပ်ဆောင် မင်းသားချောတွေဖြစ်တဲ့ ပိုင်တံခွန်နဲ့ တိုင်ရွန်တို့နှစ်ယောက်ဟာဆိုရင် မိန်းကလေးပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခင်အားပေဒမှုကို တစ်ခဲနက်ရရှိထားတာပဲဖြစ်ပါတယ်နော်။ ပိုင်တံခွန်တို့နှစ်ယောက်ဟာ အောင်မြင်မှုကိုယ်စီနဲ့ရပ်တည်နေတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ကြသလို အရမ်းကိုခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေလည်ုးဖစ်ကြပါတယ်။ ပိုင်တံခွန်နဲ့ တိုင်ရွန်တို့နှစ်ယောက်ဟာ သူတို့ကိုယ်တိုင် ရှေ့ဆုံးကဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်နော်…။

အခုလက်တစ်လောဖြစ်ပေါ်နေတဲ့အခြေနေတွေကြောင့် သူတို့နှစ်ယောက်က နေကတိုင်းလမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာပါဝင်နေကြတာပဲဖြစ်ပါတယ်။ပိုင်တံခွန်တို့နှစ်ယောက်က ပြည်သူတွေအများဆုံးစုဝေးတနဲ့နေရာဖြစ်တဲ့ ဆူးလေမှာ မတူဆုံတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ တိုင်ရွန်နဲကပိုင်တံခွန်က သူတို့ချစ်တဲ့ပြည်သူတွေကို အထိခိုက်မနာကျင်အောင် အကာအကွယ်ပစ္စည်းစုံစုံလင်လင်နဲ့ေ၇ှ့ကနေကာကွယ်စောင့်ရှောက်ပေးခဲ့တာပဲဖြစ်ပါတယ်နော်…

တိုင်ရွန်ကတော့ “ငါတို့ဘာအပြစ်မှမလုပ်ခဲ့ဘူး ဒါပေမဲ့ ဒီမြေမှာမွေး ဒီရေကိုသောက် ဒီမြေပေါ်မှာကြီးခဲ့လို့ ငါတို့နိုင်ငံအတွက် ငါတို့ အနာဂတ်တွေ အတွက် ငါတို့ပြည်သူတွေ မင်းတို့ရှေ့ မှာဒူးထောက်ခဲ့ရတယ် ဘယ်တော့မှ သွေးအေးသွားမယ်မထင်နဲ့ ။” ဆိုပြီး ပုံတွေတင်ခဲ့သလို ပိုင်တံခွန်ကလည်း “We need the help.Please Save Myanmar” ဆိုပြီး လှုပ်ရှားမှုတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ကာကွယ်ပေးခဲ့တဲ့ ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ဖတိရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။