မွေးနေ့အလှူအဖြစ် လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမှုများစွာပြုလုပ်ခဲ့တဲ့ နှိုင်းရှင်မြင့်မိုရ်

0
310

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ဇန်နဝါရီလ(၂၄)ရက်နေ့ဟာဆိုရင် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နှိုင်းရှင်မြင့်မိုရ်ရဲ့အသက်(၃၇)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့အတွက်အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ပရိသတ်တော်တော်များများကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြတာကိုတွေ့ရပါတယ်။

နှိုင်းရှင်မြင့်မိုရ်ကတော့ သူမရဲ့မွေးနေ့အမှတ်တရအလှူအဖြစ် ကျိုက္ခမီရေလယ်ဘုရားမှာ ငါးစာ၊နဂါးစာ၊ကျွေးရင်းကုသိုလ်ပြုခဲ့ပါတယ်။ ဒါ့အပြင်လှည်းကူးမြို့ ကျွန်းကုန်းကျေးရွာဗောဓိဓာတ်ပေါင်း စစ်ကိုင်း‌‌ကျောင်းသိုက်နန်းရှင်စေတီကို ရွှေသဃ်န်းကပ်လှူရန်နှင့်ဆေးသုတ်ရန် ငွေကျပ်(၂)သိန်းကိုလှူဒါန်းခဲ့ပြီး မော်လမြိုင်မိဘမဲ့ကလေးများအတွက်ငွေကျပ်(၁)သိန်းကိုလှူဒါန်းခဲ့ပါတယ်။

ကင်ဆာကလေးဆေးရုံမှာလည်း မနက်စာသွားရောက်လှူဒါန်းခဲ့ပြီး လမ်းမှဘိုးဘွားကလေးများအတွက်လည်း အဟာရအလှုပြုလုပ်ခဲ့ပါသေးတယ်။ နှိုင်းရှင်မြင့်မိုရ်ကတော့ သူရှာဖွေစုဆောင်းထားတဲ့ငွေလေးတွေနဲ့ မွေးနေ့မှာအလှူအတန်းတွေပြုလုပ်ရင်း တစ်နေ့တာကိုပျော်ရွှင်စွာဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့အလှူတွေအတွက် ပရိသတ်ကြီးကလည်းဝမ်းမြောက်စွာသာဓုခေါ်ခဲ့ကြပါဦးနော်။