မွေးနေ့မှာ ကချင်ရိုးရာဟင်းတွေ တကူးတကလာပို့ပေးသွားတဲ့ နေခြည်ဦးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဂျွန်လွင်

0
219

ချစ်ပရိသတ်ကြီးရေ အနုပညာလောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူလည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို့ခေါ်ရလောက်အောင် အရည်အချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဂျွန်လွင်က မွေးနေ့မှာ ကချင်းရိုးရာတွေလာပို့ သွားတဲ့ နေခြည်ဦးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဂျွန်လွင်က “HAPPY 29th BIRTHDAY PAR CHI CHI ဒီနေ့ကရုပ်ရှင်သရုပ်ဆောင်& Beauty Bloggerနေခြည်ဦးရဲ့29 နှစ်ပြည့်မွေးနေ့ဆိုပြီးနေ့လည်စာကိုidea အကောင်းဆုံးထုတ်ပိုးမှု့နှင့်ကချင်ရိုးရာဟင်းတွေပြီးလာပို့ပေးသွားတယ်။

ကျေးဇူးတင်ပါတယ်ချီချီသမီးရေ။အခုလိုမွေးနေ့မှာ တကူးတကလာပို့ပေးတဲ့အတွက်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေ။ အနုပညာနယ်ပယ်မှာလည်းယခုထက်ပိုအောင်မြင်ပြီး အကယ်ဒမီပေါင်းများစွာဆွတ်ခူးနိုင်ပါစေ။သာယာပျော်ရွှင်သောမိသားစုဘဝကိုလည်း ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာလဲ ဂျွန်လွင်က နေခြည်ဦးကို ဝေဖန်တယ်ဆိုတဲ့ သတင်းတွေဟာလူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။ နေခြည်ဦးအတွက် ဂျွန်လွင်ရဲ့ မွေးနေ့ဆုတောင်းလေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။