ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရုံးတစ်ဆူလို့ အများသိကြတဲ့ ဦးစိုးဝင်းဟာ ဒီကနေ့ဇူလိုင် ၂၅ ရက်၊ ညနေ ၃ နာရီခန့်မှာ ကွယ်လွန်သွားပါတယ်။ခင်မင်ရင်းနှီးသူတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းက ဦးစိုးလို့ ခေါ်ကြတဲ့ ဦးစိုးဝင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒ်ါအောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဖြတ်သန်းမှုခရီးလမ်းတစ်လျှောက်ကနေ လက်ရှိ အစိုးရအဖွဲ့ ကို ဦးဆောင်နေချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် အားကိုးရတဲ့၊ လူရင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီခရီးကြမ်းတစ်လျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ လမ်းခရီးတစ်နေရာမှာ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရတ် ကွယ်လွန်တာဖြစ်တယ်လို့လည်း သိရပါတယ်။” သူတို့ ဒီနေ့ နေပြည်တော်ကနေ တပ်ကုန်းကို သွားကြတာ။ အဲလိုသွားရင်း ကားပေါ်မှာလည်း အဲကွန်းအေးတယ်။ လမ်းမကလည်း ပူနေတော့ အဲဒီမှာ ကားပေါ်က အဆင်း မိုက်ကနဲ ဖြစ်သွားတာ။ ဘေးက ပါလာတဲ့သူတွေက ဦးစိုးဝင်း ခြေထောက်ခေါက်ပြီး လဲကျသွားတာထင်နေကြတာ” ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးနေကျော်က ပြောသည်။

ဦးစိုးဝင်းရဲ့နာရေးကို မနက်ဖြန် ဇူလိုင် ၂၆ ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ သူကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းစိတ်မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တချို့နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *