ဦးလေးဘာမှမလုပ်ပါဘူးကွယ် ဆိုင်ကယ်လေးပဲ ကြည့်နေတာ ဦးကဘာမှမလုပ်ပါဘူး

0
180

ဒီဦးးလေးနာမည်ကိုရပ်ကွက်ကလူတွေက ဥိးပေါက်စီလို့ခေါ်ကြတယ်ဗျာ့ သမီးလေးနှစ်ယောက်နဲ့ သူ့ဘာသာအေးအေးဆေးဆေး ပျော်ပျော်နေပီး သဘောကောင်းလွန်းလို့ကလေးလူကြီးချစ်ကြတယ် ခုလဲ ဖမ်းသွားတာလူလို မဖမ်းကြဘူး

အိမ်ကနေ ဆန္ဒ ပြတဲ့နေရာ သွားကြည့်မယ်ဆို ပိုက်ဆံလေးဦးထုပ်ထဲထည့်ဖုန်းတောင်မယူသွားဘူး တယောက်ထဲသွားကြည့်တာ ဒို့အရေးမအော်ရဲလို့လာဝေတဲ့ စတစ်ကာရိုက်ထားတဲ့ အကျီင်္အဖြူလေးဝတ်မိပါတယ် ဗျာ ခင်ဗျားတို့ပစ်မှတ်ဖစ်သွားတယ်တဲ့လား? ကိုယ့်အဖေအရွယ်လောက်ခေါင်းဆောင်းတဲ့ဦးထုပ်ကို ခင်ဗျားကန်ထုတ်လိုက်တာဗျာဒေါသထွက်နေရင်ကျော်ခွသွားပါလား ခင်ဗျာလို့ကန်လိုကျတဲ့ဦးထုပ်ထဲမှာ

သူ့မိသားစုအတွက်ထည့်ထားတဲ့ပိုက်ဆံတသောင်းတန်လေးတွေပါတာ ခင်ဗျားတို့သိရဲ့လား ထားပါဒါတွေ အဲ့ဦးလေးကလှုံ့ဆော်လို့ဖမ်းတာလားဘာကြောင့်ဖမ်းတာလဲ သူ့ဘာသာဆိုင်ကယ်ဘေးရပ်ကြည့်တာလေးနဲ့အဲ့လောက်အကြမ်းဖက်စရာလိုလား မိသားစုတွေရင်ထဲဝင်ကြည့်ပါ ထိုးတယ်ကန်တယ် အကြမ်းဖက်တယ် ဘေးလူတွေတောင်ဒီမြင်ကွင်းကိုမကြည့်ရက်မမြင်ရက်ကြဘူး

ခုမိသားစုဝင်တွေယောက်ျားတန်မဲ့မျက်ရည်ကျအံကြိတ်နေကြရတာ ခင်ဗျားတို့ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ ယူနီဖောင်းမပါတဲ့ကောင်ကလဲ တိုက်အမြင့်ပေါ်ကလူကိုလေသေနတ်တဲ့ လှမ်းပစ်တယ် ဒီနိုင်ငံမှာ ရပ်ကြည့်ခွင့်တောင်မရှိတော့ဘူးလားဗျာ အတယ်ဗျာ ကျွန်တော်တို့ပြည်သူတွေ စိတ်နှလုံး ကြေကွဲပြီး ရင်နာရတဲ့ရက်တွေ အမြန်ကုန်ဆုံးပါစေ🙏🙏🙏🙏🙏
crd
စစ်အာဏာရှင်စနစ်ကျဆုံးရမည်