အာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း မန္တလေးတွင် ဆန္ဒပြသူများထဲမှ သုံးဦးဖမ်းဆီးခံရ

0
157

အာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း မန္တလေးတွင် ဖေဖေါ်ဝါရီ ၄ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ပြီး ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ သုံးဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဆန္ဒပြပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ ဆေးတက္ကသိုလ် ရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “အာဏာသိမ်းအစိုးရ အလိုမရှိ၊ ဖမ်းဆီးခံ ခေါင်းဆောင်များ… ချက်ချင်းလွှတ် ချက်ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး……ဒို့အရေး ဒို့အရေး” စသည်တို့ ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။

းလှအောင်၊ ယဉ်မျိုးသွယ်