အသားကပ်ဘောင်းဘီလေးနဲ့ အရမ်းလှပြီး ချစ်စရာကောင်းလွန်းနေတဲ့ ယွန်းယွန်း

0
298

ပရိသတ်ကြီးရေ…..ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှု ရရှိခဲ့တဲ့ ယွန်းယွန်းကိုသိကြမယ်ထင်ပါတယ်နော်။သူမဟာငယ်စဉ်ကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေရရှိထားတဲ့အနုပညာရှင်လေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုပါ ရရှိထားတာပါ။

ယွန်းယွန်းဟာပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးဖြစ်ပါတယ်။ အခုဆိုရင်လည်း ယွန်းယွန်းဟာ အောင်မင်းခန့်၊စည်သူဝင်း၊ သဇင်ထူးမြင့်တို့နဲ့အတူ Double Dating programရိုက်ကူးနေတာဖြစ်ပြီး အောင်မင်းခန့်နဲ့အတွဲညီလွန်းလို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေတာဖြစ်ပါတယ်။

ယွန်းယွန်းဟာ မကြာခဏဆိုသလိုလည်းသူမရဲ့ အနုပညာလှုပ်ရှားမှာပုံရိပ်လေးတွေနဲ့ အလှပုံလေးတွေကို တင်ပေးလေ့ရှိသူပါ။အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ “Your Bae …..” ဆိုတဲ့ captionလေးနဲ့အတူ အားကစားဝတ်စုံလေးနဲ့ လန်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။