အသားကပ်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လေ့ကျင်းခန်းလုပ်နေတဲ့ ရေဗက္ကာဝင်းရဲ့ ဗီဒီယိုလေး

0
283

အဆိုတော် ရေဗက္ကာဝင်းကတော့ အသံချိုချိုလေးနဲ့ သီချင်းတွေကို ပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုတတ်တာကြောင့် အောင်မြင်နေသူလေး ဖြစ်ပါတယ် ။ ရေဗက္ကာဝင်းရဲ့အသံလေးက အေးချမ်းပြီးနားထောင်လို့ကောင်းသလို သူမရဲ့သီချင်းလေးတွေကလည်း အနှစ်သာရပြည့်ဝလှတာ ဖြစ်ပါတယ် ။

သူများတွေနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိတဲ့ ရေဗက္ကာဝင်းက အသံပါဝါနဲ့သာမက သူမရဲ့ဖက်ရှင်တွေနဲ့ပါ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားထားတာ ဖြစ်ပါတယ် ။အခုလည်း ရေဗက္ကာဝင်းက GYM မှာ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့My Story မှာ တင်ထားတာ ဖြစ်ပါတယ် ။

အသားကပ်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ ရေဗက္ကာဝင်းကတော့ အဆီပိုကင်းဝေးတဲ့ ခန္ဓာကိုယ်လေးနဲ့ ချပ်ရပ်လှပနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရေဗက္ကာဝင်းက ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ငေးကြည့်ချင်စရာကောင်းနေသလို မျက်နှာလေးကလည်း နုဖတ်လှပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် ရေဗက္ကာဝင်းရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။