အတွင်းအလှတွေကို တလုံးတခဲကြီးထုတ်ပြလိုက်တဲ့ နန်းမွေစံရဲ့ အမိုက်စားပုံရိပ်များ

0
238

ပရိသတ်ကြီးရေ….မော်ဒယ်နန်းမွေ့စံကတော့ အခုလက် ရှိမှာဆိုရင် ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုအများအပြားရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ အမိုက် စားခန္ဓာကို ယ် အ ချိုး အစားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ်အလန်းတွေဟာလည်း ပုရိသတွေရဲ့ရင်ကိုအမှန်အကန် ဟတ်ထိစေတာလည်းဖြစ်ပါတယ်။ မွေ့စံဟာ မိမိကိုယ်ကို ယုံကြ ည် မှုရှိတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်းဖြစ်ပြီး ဆရာဝန်ဘွဲ့ကိုလည်းရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကို ဆီလီကွန် ထည့်ထားတယ်ဆိုပြီး လူအချို့က ဝေဖန်ကြတဲ့အပေါ် နန်းမွေစံက အခု လို တုံ့ပြန်ပါတယ်။” ဒါကလည်း သူတို့ရွေးချယ်မှုနဲ့ သူတို့ပါပဲ။ မွေစံလည်း သိပ်မပြောချင်ဘူး။ မွေစံကတော့ အဲ့ဒါကို လုံးဝမလုပ်ထားဘူး။ အဲ့ဒါက အရမ်းလိုအပ်တဲ့အရာလည်း မဟုတ်ဘူး။ မွေစံအဲ့ဒါကိုလည်း ရှက်တယ်။ အဲ့ဒါကြီးဖို့အတွက်နဲ့ အပင်ပန်းခံ ၊ ပိုက်ဆံတွေ အကုန် ခံပြီး မလုပ်ချင်ဘူး ” လို့ နန်းမွေစံက ဆိုပါတယ်။ကိုယ်တိုင်က ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ဖြစ်တဲ့အကြောင်းကိုလည်း နန်းမွေစံကပြောပါတယ်။

” အဓိကကတော့ အစားအသောက်ကို ဆင်ခြင်တယ်။ မွေစံက သတ်သတ် လွတ်စားတယ်။ ပြီးတော့ အဆီ အဆိမ့်တွေလျှော့စားတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ သတ်သတ်လွတ်ကတော့ အမြဲတမ်းလိုလိုစားဖြစ်ပါတယ် ” လို့ သူမက ဆိုပါတယ်။နန်းမွေစံ နဲ့ လတ်တလောမှာ ကြော်ငြာတွေရိုက်ကူးနေပြီး သူမရဲ့ ကိုယ်ပိုင် အင်္ကျီ brand ကိုလည်း ရောင်းချနေတယ် လို့ သိရပါတယ်။

Model ဆရာဝန်မလေး နန်းမွေ့စံက “မွေစံ့ကို ဘာလူမျိုးလဲမေးမေးနေကြလို့ ဖြေလိုက်ပါမယ်အဖေက ရှမ်းစစ်စစ်စစ်စစ်ပါ အမေကတော့ ဗမာတစ်ဝက် ကရင်တစ်ဝက်ပါ ဆိုတော့ကာ ရှမ်း ၅ မှူး ဗမာ တစ်မတ် ကရင်တစ်မတ်ပေါ့ရှင် နန်းမွေစံဆိုတဲ့နာမည်ကတော့ ရှမ်းတိုင်းရင်းသားနာမည်ပါရှင်လို့” ပြန်လည်ဖြေကြားပေး လိုက်ပါတယ်။