အချစ်ရေးမှာကံကောင်းတဲ့အတွက် အပျိုကြီးတော့ ဖြစ်လောက်ဘူး လို့ပြောလာတဲ့ မမဆောင်း

0
140

ပရိသတ်ကြီးတို့ရေ မင်းသမီးချောလေးဆောင်းအိနြေ္ဒထွန်းဟာဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်လောက်တည်းက ဗီဒီယိုဇာတ်ကားများနဲ့ ကြော်ငြာတွေကိုရိုက်ကူးကာ နာမည်တစ်လုံးနဲ့ ရပ်တည်လာသူတစ်ဦးပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ မမဆောင်းလို့ အများကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ နာမည်လေးနဲ့အတူ ပရိသတ်ရှေ့တော်မှောက် ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ ကြော်ငြာဗီဒီယိုလေးတွေ၊ အလှဓာတ်ပုံရိုက်ကူးမှုလေးတွေ အစရှိသဖြင့် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

သူမဟာ ဆွဲဆောင်မှုရှိလှတဲ့ ကိုယ်ခန္ဓာအလှတရားကြောင့် ပုရိသတွေရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်ဖမ်းစားထားသလို လွန်ခဲ့တဲ့ လအနည်းငယ်လောက်တည်းက ထွက်ရှိလာခဲ့တဲ့ သူမရဲ့ ချစ်ရည်းစားဟာ သရုပ်ဆောင်လား? ဆရာဝန်လား? အင်ဂျင်နီယာလား? စတဲ့ မေးခွန်းတွေဟာ သူမရဲ့ပရိသတ်တွေကို သူမနဲ့ပတ်သတ်လို့ သိချင်စိတ်ပိုမိုပြင်းပြလာစေခဲ့ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ရယ်စရာ၊ ရွှင်စရာ စကားလုံးများနဲ့ ပရိသတ်တွေကို အမြဲအရွှမ်းဖောက်တတ်တဲ့ မင်းသမီးချောလေးဆောင်းအိနြေ္ဒထွန်းက သူမဟာ အချစ်ရေးနဲ့ပတ်သတ်လာရင် ကံကောင်းတတ်သူတစ်ဦး ဖြစ်တဲ့အတွက် အပျိုကြီးတော့မဖြစ်လောက်ပါဘူးဆိုတဲ့အကြောင်းကို ရယ်ရယ်မောမောနဲ့ ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

မမဆောင်းဟာ အင်တာဗျူးတစ်ခုမှာ ယောက်ျားယူမယ်ဆိုပြီး စနောက်ထားတာနဲ့ပတ်သတ်လို့ အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ “တကယ်တော့ အဲ့ဒီကိစ္စက မမဆောင်းနောက်လိုက်တာ။ အဲ့လိုနောက်ရပါ့မလားဆိုပြီး အမျိုးတွေကလည်း ဆူကြတယ်။ အဲ့လိုမျိုးပြောတာကို သူတို့ကမကြိုက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကအပြင်မှာဆို တည်တည်တံ့တံ့ကြီးဆိုတော့လေ၊ ကိုယ်တိုင်ကလည်း အသက်၃၀ကျော်ထိ ရည်းစားတွေ၊ ဘာတွေလည်း မထားဖူးဘူးတော့ အခုလို စနောက်လိုက်တာကို အမျိုးတွေက မကြိုက်ဘူးပေါ့နော်။

ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ မမဆောင်းက အမှန်တွေပဲ ဖြေတာလေ။ မမဆောင်းဆိုရင် ကံကောင်းထောက်မစွာနဲ့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့တယ်။ ဒါပေမယ့် ကိုယ်က အောင်မြင်မှုနောက်ကို မလိုက်ခဲ့ဘူး။ ဒီနေ့ဒီအချိန်ထိ နာမည်ပျက်လည်း မရှိအောင်နေခဲ့တယ်။ အဲ့တော့ အကယ်၍များ အိမ်ထောင်တွေ၊ ဘာတွေ ကျဖြစ်ခဲ့ရင်လည်း ယောကျာ်းကောင်းကောင်း ရနိုင်မယ်ပေါ့နော်။ ယူတာ၊ မယူတာကတော့ တစ်ပိုင်းပေါ့။ ဒါကလည်း ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေ သိကြပါတယ်။

မမဆောင်းက ဟိုတုန်းကဆိုရင် သာမန်ဆယ်လီသေးသေးလေးပဲလေ။ အဲ့တုန်းတည်းက မမဆောင်းကို တကယ့်ဒိတ်ဒိတ်ကြဲ ဝမ်းတူတန်းထဲက သဘောကျတာတွေ ရှိတယ်။ ကိုယ်နဲ့သာ ရေစက်မဆုံခဲ့လို့ ပေါ့နော်။ ပြောချင်တာက မမဆောင်းဘဝမှာ တည်တည်ကြည်ကြည်ပဲ နေခဲ့တယ်။ အနုပညာလောကမှာလည်း နာမည်ပျက်မရှိအောင် နေခဲ့တယ်။ အဲ့တော့လည်း မမဆောင်းကိုဆိုရင် ကောင်းကောင်းမွန်မွန်တွေကပဲ လာကြိုက်ကြတာများတယ်။” လို့ မမဆောင်းက ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

မမဆောင်းကို ပရိသတ်တွေက အားပေးလာတာဟာ ဆယ်လီပေါက်စဘဝတည်းက ဖြစ်ပြီး အဲ့ဒီအချိန်တည်းက လိုင်းပေါ်ကနေ သူဌေးတွေကသာ သူမကိုချစ်ကြိုက်ခဲ့ကြတာဖြစ်တဲ့အတွက် အဲ့ဒီလို အချစ်ရေးကံကောင်းမှုတွေကြောင့် ယောက်ျားယူတော့မယ်ဆိုပြီး စနောက်ခဲ့တာဖြစ်တယ်လို့ မမဆောင်းက ဆိုပါတယ်။ မမဆောင်းရဲ့ ပြင်ပဘဝက လူနေမှုပုံစံဟာ တကယ်ကို တည်တည်ကြည်ကြည်နေထိုင်တတ်တာဖြစ်ပြီး ဘဲတစ်ပွေက သူမကိုသဘောကျလို့ ချစ်စကားပြောမယ်ဆိုရင်တောင် သူမရဲ့ မျက်နှာပေးကြောင့် ဘာပြောလို့ပြောရမှန်း မသိနိုင်အောင် ဖြစ်သွားနိုင်တယ်လို့ မမဆောင်းက ရယ်မောပြီးပြောပြပါတယ်။

သို့သော်လည်း မမဆောင်းဟာ သူမရဲ့ဘဝမှာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ချစ်စကားကိုမှ လက်မခံခဲ့ပဲ တစ်ခါတစ်လေများ ယောက်ျားတစ်ယောက်နဲ့ဖုန်းပြောရင်း ဟိုဘက်က သူမကို ရည်းစားစကားပြောမယ့် အရိပ်အယောင်တွေပြနေပြီ ဆိုရင်တောင် သူမဘက်ကအရင် ဖုန်းကိုချပစ်တတ်တယ်လို့ မမဆောင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က လိုင်းပေါ်မှာ ပြန့်နှံခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့သည့်အတိုင်း “မမဆောင်းရဲ့ဘဝမှာ မကြီးမားဆုံးရည်မှန်းချက်က ယောက်ျားယူဖို့ပဲ” ဆိုတဲ့စကားဟာ မမဆောင်းအနေနဲ့ စနောက်တဲ့သဘောသာပြောခဲ့တာဖြစ်ပြီး မမဆောင်းတို့အနုပညာရှင်တွေဆိုတာက ကိုယ့်ရဲ့လက်ရှိဘဝကို အနုပညာပုံရိပ်တွေကနေတစ်ဆင့် အနီးကပ်ဆုံးတူညီအောင် ပရိသတ်တွေဆီကို ဖော်ပြပေးရတာမျိုးဖြစ်တယ်လို့ မမဆောင်းက ထင်မြင်ယူဆပါတယ်။

မမဆောင်းဟာ ပြင်ပဘဝမှာ အမှန်တကယ်ကို တည်ကြည်သူတစ်ဦးဖြစ်ပြီး တချို့ယောက်ျားတွေများဆို ရွှေတွေပိဿာလိုက်ကို ပုံအပ်ပြီး လာရောက်တောင်းရမ်းဖို့ ကြိုးစားကြသူတွေလည်း ကြုံခဲ့ဖူးတယ်လို့ မမဆောင်းက ဆိုပါတယ်။ အဲ့ဒီလို ရွှေတွေ၊ ငွေတွေနဲ့ လာရောက်တောင်းရမ်းတာကို ငြင်းခဲ့ပြီးကာမှ မမဆောင်းက ယောက်ျားယူချင်ပါတယ်ဆိုပြီး လိုင်းပေါ်မှာစနောက်ရင်း ဖွင့်ချလိုက်တာမျိုးကို အမျိုးတွေက မကြိုက်ကြဘူးလို့ မမဆောင်းက ရှင်းပြပေးခဲ့ပါတယ်။

ပရိသတ်ကြီးတို့ရေ မမဆောင်းကို ပုရိသယောက်ျားသားတွေဟာ ဆယ်လီပေါက်စဘဝတည်းက သဘောကျနှစ်ခြိုက်ခဲ့တာဖြစ်တဲ့အတွက် အချစ်ရေးကံကောင်းတယ်လို့ ယူဆလို့ရတာကြောင့် အပျိုကြီးတော့မဖြစ်လောက်ပါဘူးလို့ ပြောကြားရင်း မမဆောင်းအနေနဲ့ ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးသွားခဲ့ပါတယ်။အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်