သူမရဲ့ Smile Mart က စားစရာတွေအားလုံးကို လှူဒါန်းပြီး တစ်တပ်တစ်အားပါဝင်အားဖြည့်နေတဲ့ စမိုင်းလ်

0
210

စမိုင်းလ်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်မှာလည်း ပြည်သူပရိသတ်တွေနဲ့အတူ သူမတတ်နိုင်တဲ့ဘက်ကနေ အားတက်သရောပါဝင်နေတာကိုလည်း တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း စမိုင်းလ်တို့မိသားစုတွေဟာ မကြာခင်ကမှဖွင့်လှစ်ထားတဲ့ သူမရဲ့ Smile Mart က စားစရာတွေအားလုံးကို လမ်းပေါ်ထွက်သူရဲကောင်းတွေအတွက်လှူဒါန်းပြီး တစ်တပ်တစ်အားပါဝင်အားဖြည့်နေပါတယ်နော်..။

မုန့်၊ ရေသန့်နဲ့ အချိုရည်တွေကို မိသားစုလိုက်တက်ညီလက်ညီနဲ့ ပေးဝေလှူဒါန်းနေကြတာဖြစ်ပြီး သူမတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှထားတာလည်း တွေ့ရမှာပါနော်..။

“Smile Mart မှ မုန့် ရေ အချိုရည်များအားလုံး သူရဲကောင်းများလက်ထဲသို့ဝေရန်စတင်ထွက်ခွါပါပြီ🙏🏼..” ဆိုကာ ပြောပြထားသလို သွားရောက်လှူဒါန်းတဲ့အချိန်မှာလည်း “ကြက်ဥပြုတ်အလုံး ၁၀၀၀ဝေမယ် စားစရာမုန့် ရေ အချိုဝေမယ်..” ဆိုပြီး ဝေမျှထားပါသေးတယ်..။