ရင်ဖိုစရာကောင်းလောက်အောင် ဆက်ဆီကျကျ ကပြထားတဲ့ ဘေဘီမောင်ရဲ့ အမိုက်စားဗီဒီယို

0
945

ဘေဘီမောင်ကတော့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာကြောင့် ပုရိသတွေရဲ့ဝန်းရံအားပေးခြင်း ခံနေရသူပါ။ ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေသူလေးဖြစ်ပါတယ်။

ပရိသတ်ရဲ့အချစ်တော် သားဂန်းနဲ့လည်း အရမ်းချစ်ကြတဲ့ မနဲ့မောင်ဆိုပြီး ပရိသတ်တွေအားကျနေရလောက်အာင် သာယာတဲ့အချစ်ခရီးလမ်းကို လျှောက်လှမ်းနေပါသေးတယ်။ ပရိသတ်တွေရဲ့ဝေဖန်အကြံပေးမှုကိုလည်း အမြဲလက်ခံပြုပြင်လေ့ရှိသူမို့ ဝနေပြီပြောကြတဲ့ပရိသတ်ကြီးကြောင့် အရင်ရက်ပိုင်းကတည်းက ဝိတ်ချနေခဲ့တာပါ။ ဒီနေ့မှာတော့ အရင်လိုပဲပြန်မိုက်နေပြီဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ Tik Tok ဆော့ထားတဲ့ဗွီဒီယိုလေးတွေတင်ပေးရင်း “ဝိတ်တွေချထားတာပါနော်… ဘေဘီကိုချစ်တဲ့ အသည်းတွေအတွက် ကပြတာပါနော်” လို့ဆိုကာ မျှဝေပေးခဲ့ပါတယ်။

အမိုက်စားခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ဘေဘီမောင်ရဲ့ Tik Tok ကိုတော့ ပရိသတ်တွေများစွာ အားပေးခဲ့ကြပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်တဲ့ အင်္ကျီတွေနဲ့ မိမိုက်နေတဲ့ဘေဘီမောင်ရဲ့ Tik Tok လေးတွေကိုတော့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။