မကြယ်စင်ကို ထိမှန်ခဲ့တဲ့ ကျည်က သေချာချိန်ပြီး ပစ်ခဲ့တဲ့ ကျည်ဆန်ဖြစ်ကြောင်း ပြောပြလာတဲ့ အောင်လအန်ဆန်

0
230

မနေ့ကမန္တလေးမြို့မှာ၊ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့၁၉နှစ်အရွယ်သမီးငယ်လေးမကြယ်စင်ကို၊စစ်တပ်ကနေပြီးတော့စနိုက်ပါနဲ့ပစ်သတ်ခဲ့ပါတယ်။သမီးလေးငယ်လေးမကြယ်စင်ကိုထိမှန်ခဲ့တဲ့ကျည်ဆန်ကလမ်းကြောင်းလွှဲပြီးထိမှန်တဲ့ကျည်ဆန်မဟုတ်ပဲသေချာချိန်ရွယ်ပြီးတော့ပစ်ခတ်ခဲ့တဲ့ကျည်ဆန်ဖြစ်ပါတယ်။

သမီးလေးတယောက်ရှိတဲ့ဖခင်တယောက်အနေနဲ့ကျွန်တော့်နှလုံးသားကသမီးလေးရဲ့ဖခင်၊မိသားစုဝင်တွေနဲ့ထပ်တူနာကျင်ခံစားရပါတယ်။ကိုယ်ခံပညာရပ်တွေကိုချစ်မြတ်နိုးတဲ့၊သမီးလေးမကြယ်စင်ဟာ”အားလုံးအဆင်ပြေသွားမှာပါ”ဆိုတဲ့စာတန်းလေးပါတဲ့အင်္ကျီကိုအသက်ပေးဆပ်သွားခဲ့ရတဲ့အချိန်မှာဝတ်ဆင်ထားခဲ့ပါတယ်

။အကယ်၍ကမ္ဘာကြီးကသည်အဖြစ်အပျက်တွေကိုအရေးမယူပဲဆက်ပြီးတော့စောင့်ကြည့်နေမယ်ဆိုရင်ဒီလိုသွေးမြေကျမှု၊လူငယ်တွေရဲ့အသက်တွေကြွေလွင့်နေမှုကဆက်ပြီးဖြစ်နေအုံးမှာပါပဲ။ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ကျွန်တော်တို့ပြည်သူတွေအတွက်တခုခုကူညီလုပ်ဆောင်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။