“မသေခင် တခေါက်လောက်တော့ လာတွေ့ပေးကြပါဦး” လို့ပြောလာတဲ့ အသက်(၈၇)နှစ်အရွယ် လူရွှင်တော်ကြီးဦးစိန်ရိုး

0
389

တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဝါရင့်လူရွှင်တော်ကြီးဦးစိန်ရိုးကို ပရိသတ်တော်တော်များများမှတ်မိကြမယ်ထင်ပါတယ်။တချိန်က အငြိမ့်စင်ထက်မှာ ပရိသတ်တွေကို ရယ်စရာမောစရာတွေနဲ့ ဟာဒရရွှင်ဆေးတိုက်ကျွေးခဲ့ဖူးတဲ့ ဦးစိန်ရိုးကတော့ ကတော့လောကဓံရဲ့ ရိုက်ခပ်မှုကို စတင်ခံစားနေရပါပြီ။ ဦးစိန်ရိုးတစ်ယောက် အနုပညာသက်တမ်းရှည် လူရွှင်တော်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ခုတော့ လူတွေရဲ့ မျက်ကွယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဦးစိန်ရိုးကတော့ ကတော့ အသက်အားဖြင့် (၈၇)နှစ်အရွယ်ရောက်နေပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကို အမြဲဟာဒရရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ ဘဘဦးစိန်ရိုးကတော့ မသေခင်လာတွေ့ကြပါဦးလို့ ပြောလာခဲ့ပါတယ်။ ဘဘဦးစိန်ရိုးက”မသေခင် တခေါက်လောက်တော့ကျွန်တော့်ဆီလာတွေ့ပေးကြပါ” ဆိုပြီး ပြောလာခဲ့ပါတယ်။ ဘဘဦးစိန်ရိုးဟာ ကျန်းမာရေးမကောင်းတော့ပဲ အိပ်ယာထဲလဲနေပြီး ထမင်းမစားနိုင်ပဲ အဟာရဓာတ်စာတွေနဲ့ အသက်ဆက်နေရတာပဲဖြစ်ပါတယ်။ ဘဘဦးစိန်ရိုးကတော့ မီဒီယာတွေနဲ့ ပြန်တွေ့ချိန်မှာ ပျော်လို့နေပါတယ်။

ချယ်ရီဦးမှလဲ နှစ်သစ်ကူးအလှူအဖြစ် ဘဘဦးစိန်ရိုးကို အလှူငွေငါးသိန်း လှူဒါန်းခဲ့ပါတယ်။ မသေခင်လာတွေ့ကြပါဦးလို့ ပြောလာတဲ့ ဘဘဦးစိန်ရိုးရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။