မိသားစုလိုက် ဘန်ကောက်မှာ ပြောင်းရွှေ့နေထိုင်တော့မယ့်အကြောင်း အသိပေးပြောပြလာတဲ့ ပိုးအိအိခန့်

0
254

ပရိသတ်တို့ရဲ့ တစ်ခဲအားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားကြပြီး ချစ်စရာသားချောလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ ဆယ်လီစုံတွဲလေးကတော့ ဘောလုံးသမားအောင်သူနဲ့ မင်းသမီးချောပိုးအိအိခန့်တို့ စုံတွဲလေးပါပဲ..။ရှေ့သွားနောက်လိုက်နဲ့ လိုက်ဖက်လွန်းကြသလို ကြင်နာဂရုစိုက်မှုတွေနဲ့ အားကျစေတဲ့ သူတို့ဇနီးမောင်နှံရဲ့ သားချောလေးဖြစ်တဲ့ သွင်ဦးဟန်လေးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးကြတာလည်း တွေ့ရပါတယ်နော်..။

မိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ပိုးအိတစ်ယောက် အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ချစ်ရတဲ့ခင်ပွန်းဖြစ်သူအောင်၊ သားလေးတို့နဲ့အတူ မိသားစုလိုက်ပြောင်းရွေ့နေထိုင်တော့မယ့်အကြောင်းလေးကို ပြောပြလာပါတယ်နော်..။မကြာခင်မှာပဲ ဘန်ကောက်ကို ပြောင်းရွှေ့တော့မှာဖြသ်တာမို့ လုပ်စရာရှိတဲ့အလုပ်လေးတွေကိုလည်း လက်စသတ်လုပ်ချင်သေးတဲ့အကြောင်းလေးကို ပြောပြကာ သားလေးနဲ့အတူ ချစ်စရာပုံလေးတွေကိုလည်း ဝေမျှထားပါသေးတယ်နော်..။

“Bangkok လည်းပြောင်းရတော့မှာဆိုတော့ မပြောင်းခင်လေး အလုပ်လုပ်ပါရစေ 😁 ဒီည ၇နာရီ ဆိုင်လက်ကျန်ဖြတ် ပိတ်စလေးတွေအထည်လေးတွေ ဈေးတန်တန်နဲ့ရောင်းပေးမယ့် live sale လေးရှိပါတယ်စောင့်ကြည့်ပြီး အားပေးဖို့ သတင်းပေးပါရစေ အချစ်တို့ရေ..” ဆိုပြီး ရေးသားပြောပြထားတာပါ..။ပရိသတ်တွေကလည်း ပိုးအိအိခန့်တို့ မိသားစုလေးကို အားပေးချစ်ခင်နေကြတဲ့အကြောင်းလေးတွေနဲ့ ဘန်ကောက်ကို ပြောင်းတော့မယ့်အကြောင်း လေးတွေကို မေးမြန်းထားကြတာလည်း တွေ့ရပါတယ်နော်..။