ယောကျ်ားလေးအများစုက သူတို့ ခရက်ရှ်တဲ့ မိန်းကလေးတစ်ယောက်ကို အကဲခတ်တဲ့အခါမှာ အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်လံစောင့်ကြည့် စစ်ဆေးတတ်ကြပါတယ်။ ဒီအချက်တွေက တစ်ဆင့် စိတ်နေစိတ်ထားဘယ်လိုရှိတယ်၊ မိန်းကလေးဆန်သူလား၊ နူးညံ့သိမ်မွေ့ တဲ့ မိန်းကလေး တစ်ယောက်လား ဆိုတာကို ခန့်မှန်းလို့ရပါတယ်။

(၁) မျက်နှာသွင်ပြင်မိန်းကလေး တစ်ယောက်ကို စတွေ့တာနဲ့ မျက်နှာသွင်ပြင်အမူအရာကို အကဲခတ်ကြည့်ပါ။ ဖော်ရွှေတဲ့သူ တစ်ယောက်လား၊ မာနကြီးတဲ့ မိန်းကလေးလား ရှေ့ဆက်တိုးဖို့ သင့်မသင့်ကို စဉ်းစားချင့်ချိန်လို့ ရတာပေါ့။ မျက်နှာထားတင်းမာတဲ့ မိန်းကလေးမျိုးကိုတော့ ကောင်လေးအများစုက ရှိန်တတ်ကြပါတယ်တဲ့။

(၂) အဝတ်အစားအရောင်

ဝတ်စားဆင်ယင်မှုကို ကြည့်ပြီးတော့လည်း အကဲခတ်လို့ရပါသေးတယ်။ ဘာအရောင်ကို ဝတ်ဆင်ထားလဲ၊ ဘယ်လိုအရောင်တွေ အဝတ်များလဲ ဆိုတာကို သတိထားစောင့်ကြည့်ပါ။ အနီရောင်တို့လို အရောင်လင်းတဲ့ အဝတအစားကြိုက်တဲ့ မိန်းကလေး ကိုတော့ မိန်းမဆန်သူလို့ သတ်မှတ်နိုင်ပြီး အနက်ရောင်၊ ခဲရောင်တွေ ကြိုက်နှစ်သက်တဲ့ မိန်းကလေးကိုတော့ ခပ်မိုက်မိုက် မိန်းကလေး တစ်ယောက်အဖြစ် သတ်မှတ်လို့ရပါတယ်။

(၃) ဂီတပိုင်းဆိုင်ရာလေ့လာမှု

ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို လေ့လာတဲ့အခါမှာ ယောကျ်ားလေးတချို့က ဂီတပိုင်းဆိုင်ရာကို စိတ်ဝင်စားမှု ရှိ၊ မရှိဆိုတာကိုလည်း စူးစမ်းတတ်ကြပါတယ်။ သီချင်းဆိုတတ် သလား၊ ဂီတပိုင်းကို စိတ်ဝင်စားသလား စသဖြင့် လေ့လာတတ်ကြပြီး ဂီတပိုင်းစိတ်ဝင် စားတဲ့ မိန်းကလေးကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးအဖြစ် သတ်မှတ်ထားကြ လို့ပါပဲ။

(၄) မက်ဆေ့ခ်ျအရေးအသား

ကောင်လေးအများစုက ပါးနပ်မှုရှိကြတာအမှန်ပါပဲ။ ကောင်မလေးဘက်က ပို့တဲ့မက်ဆေ့ချ် အရေးအသား ကအစ ဘယ်လိုရှိတယ်ဆိုတာကို ခန့်မှန်းတတ်ကြပါတယ်။ ဂရုတစိုက်ရှိတဲ့ စကားလုံးမျိုးတွေသုံးသလား၊ အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တတ်တဲ့ မိန်းကလေးလား ဆိုတာကို မက်ဆေ့ချ်အရေးအသားက တစ်ဆင့် အကဲခတ်တတ်ကြပါတယ်။

(၅) ဖက်ရှင်

တချို့ကောင်လေးတွေက ချိန်းတွေ့ပြီး date လုပ်တဲ့အခါမှာ မိန်းကလေးရဲ့ ဖက်ရှင်ကို စောင့်ကြည့်တတ်ကြ ပါသေးတယ်။ သူ့ရဲ့ ဝတ်စားဆင်ယင်ပုံက date လုပ်တဲ့အပေါ် စိတ်ဝင်တစားရှိပြီး သေချာဝတ်ဆင်လာတာမျိုးလား၊ အိမ်နေရင်း၊ ထသွားထလာပုံစံလောက်ပဲ မပြင်မဆင်လာတာမျိုးလား ဆိုတာကို ကြည့်ပြီးတော့ ကိုယ့်အပေါ် အလေးထားရဲ့လား ဆိုတာကို အကဲခတ်လို့ရပါတယ်။

(၆) အစားအသောက်

တချို့မိန်းကလေးတွေက လူအများရှေ့မှာဆိုရင် ရှက်ကြောက်လို့၊ ဒါမှမဟုတ် လူအထင်ကြီးအောင် အစားအသောက် မမက်မောဘူး ဆိုတာကို ပြသချင်တဲ့အတွက် နည်းနည်းပဲ စားသုံးတတ်ကြပါတယ်။ ဒါပေမယ့် ကောင်လေးအများစုက မိန်းကလေးတစ်ယောက်ရဲ့ စားပုံသောက်ပုံတွေကို ကြည့်ပြီး ပဲများတဲ့သူမျိုးလား၊ ပွင့်လင်းရိုးသားသူလား ဆိုတာကို ခန့်မှန်းတတ်ကြပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *