မိတ်ဆွေ သူငယ်ချင်း အချင်းချင်းတောင် မကြည့်ရက်တဲ့အထိ အိမ်မှာတစ်ယောက်တည်းခံစားနေရှာတဲ့ မြင့်မြတ်

0
335

နိုင်ငံကျော် အကယ်ဒမီ သရုပ်ဆောင် မြင့်မြတ်ကတော့ သူ့ရဲ့ အိမ်တွင်းရေးကိစ္စတွေကြောင့် လက်ရှိမှာ ပရိသတ်တွေရဲ့ အထင်အမြင်လွဲခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သူ့ရဲ့ မိသားစု ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပက်သတ်ပြီး ဘယ်တုန်းကမှ ထုတ်ဖော်ပြောကြားခြင်းမရှိသလို အခုလို ပြဿနာတွေဖြစ်လာချိန်မှာလည်း သူ့ပုံစံအတိုင်း တိုးတိုးတိတ်တိတ်သာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ဖခင်ကိုယ်တိုင်က အင်တာဗျူးဗီဒီယိုမှာ ဖြေကြားပေမယ့် မြင့်မြတ်တို့မိသားစုအကြောင်းကိုသိကြသူတွေကတော့ ဒါက မိသားစုအချင်းချင်း ခဏတာ နားလည်မှုလွဲမှားတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်..။

နိုင်ငံကျော်သရုပ်ဆောင်မင်းသား မြင့်မြတ်ကတော့ စိတ်သဘောထားကောင်းမွန်ပြီး အများအကျိုးကိုလည်း လိုလားသူတစ်ယောက်ဖြစ်တာကြောင့် မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေက ပရိသတ်တွေအထင်လွဲမှားခြင်းမရှိအောင် ဖြေရှင်းပေးနေကြတာပဲ ဖြစ်ပါတယ်။မင်းသား မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာကလည်း သူမတို့သူငယ်ချင်းအချင်းချင်းပြောကြတဲ့ စာတွေကိုချပြပြီး မြင့်မြတ်တစ်ယောက် သူ့အိမ်မှာ အရမ်းခံစားနေရတယ်ဆိုပြီး ပရိသတ်တွေအားလုံးသိအောင် ချပြလာတာပဲ ဖြစ်ပါတယ်..။

အကယ်ဒမီမင်းသား မြင့်မြတ်ကတော့ မိဘကိုသိတတ်သူတစ်ယောက်ဖြစ်တာကြောင့် မိဘတွေကို လစဉ်ထောက်ငွေကြေး၁ပံ့ပေးတဲ့အပြင် အခုလိုပြဿနာတွေဖြစ်လာချိန်မှာလည်း ဖခင်ကို အပြစ်မမြင်ပဲ သူတစ်ယောက်တည်းသာ ခံစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက မြင့်မြတ်အကြောင်းကိုသိပြီးသားမို့ မြင့်မြတ်တစ်ယောက် အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။