ထမင်းစားတာတောင် ချစ်သူနဲ့အတူ Video Call နဲ့ ခေါ်ပြီးအတူတူစားတယ်လို့ဆိုလာတဲ့ အေသင်ချိုဆွေ

0
354

ပရိသတ်ကြီးရေ အဆိုတော်မလေး အေသင်ချိုဆွေကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

အေသင်ချိုဆွေကတော့ အသက်ငယ်ငယ်လေးနဲ့ ဝါသနာပါတဲ့ ဂီတအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့သူပဲဖြစ်ပါတယ်နော်.။

အဆိုတော် တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့သလို သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်ခဲ့သူပါ.။

ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အနုပညာလှုပ်ရှားမှု ရပ်နားခဲ့ပေမယ့် လက်ရှိမှာ ပျော်ရွှင်ရတဲ့ မိသားစု၊ သမီးလေးတို့ကို ပိုင်ဆိုင်ထားကာ ချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နေပြီ ပဲဖြစ်ပါတယ်.။

အချစ်ရေးမှာလည်း အချစ်ခံနေရလို့ ပျော်ရွှင်မှုတွေနဲ့ သူမရဲ့ ဘဝလေး အေးချမ်းနေတဲ့အကြောင်းလေးကို အေသင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။

ဒီနေ့ ဒီဇင်ဘာလ (၄)ရက်နေ့မှာလည်း အေသင်ချိုဆွေက အဝေးရောက်နေသူ ချစ်သူနဲ့လည်း Video call နဲ့ အတူတူ ထမင်းစားတဲ့အကြောင်းလေးကို “ထမင်းစားရင်တောင် အတူတူ” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

အေသင်တစ်ယောက် ချစ်သူနဲ့အတူတူ ဘေးမှာ မရှိရပေမယ့် အထီးမကျန်ရဘဲ အချစ်ခံနေရပြီး အချစ်တွေနဲ့ ပျော်ရွှင်စိတ်ချမ်းသာနေရတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။