တပ်ကုန်းမမ ၂ယောက်အား Miss အဖြစ်မှရုပ်သိမ်း

0
273

အသိပေးကြေညာချက်

ယွန်းဝင့်လွှာအောင် ” Miss Now How 2017 နှင့် ” ရွှေရူပါဦး ” Miss Equal Myanmar 2019 တို့ ( ၂) ဦးအား Missosology နှင့် Missosology Myanmar Organization တို့မှ ရာသက်ပန် တရားဝင် ပိတ်ပင်သွားပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ။

ယနေ့ အာဏာသိမ်း စစ်အုပ်စုကို ထောက်ခံတဲ့အထဲမှာ အလှမယ်၊ အလှမယ် ဆိုပြီး post တွေ တက်လာပါတယ်…

အလှမယ် ဟု သူတို့သဘောနှင့်သူတို့ ခေါင်းစဉ်တပ်တိုင်း မယုံကြပါရန် မိဘပြည်သူများကို အသိပေးချင်ပါတယ်…

ထို့ပြင် (ဆုရခဲ့ဖူးသည် ဖြစ်စေ၊ နိုင်ငံတကာပြိုင်ပွဲပြိုင်ခဲ့ဖူးသည် ဖြစ်စေ) အလှမယ် ခေါင်းစဉ်တပ်ထားပြီး လူမိုက် အားပေးလုပ်နေသူများနှင့်

မိမိနှင့်မဆိုင်သလို နှုတ်ဆိတ်နေကြသူများကိုလည်း အပြင်းအထန် ရှုတ်ချပါတယ်…

ယခုကဲ့သို့ အခြေအနေတွင် မိမိနှင့်မထိုက်တန်ဘဲ အလှမယ် ဟူသော ဂုဏ်ပုဒ်ကို အလွဲသုံးစား မလုပ်ကြရန် တားမြစ်လိုက်ပါတယ်…

မိမိတို့ Organization နှင့် Pageant Community အနေဖြင့်လည်း ပြည်သူလူထုနှင့် တစ်သားတည်းမရှိသူများကို ယခုအချိန်မှစ၍ အလှမယ်အဖြစ် သတ်မှတ်တော့မည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါတယ်…

ပရိသတ်များအနေဖြင့်လည်း အဆိုပါအလှမယ်အမည်ခံများကို လုံးဝအားမပေးဘဲ လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်၍ Social Punishment လုပ်ကြပါရန် တိုက်တွန်းပါတယ်…

ပြည်သူလူထုကို ကိုယ်စားပြုပေးနိုင်သူ၊ ပြည်သူလူထုဘက်မှ ရပ်တည်ပေးသူများကိုသာ နိုင်ငံကိုယ်စားပြု အလှမယ် အဖြစ် သတ်မှတ်ကြပါရန် အသိပေး နှိုးဆော်လိုက်ပါတယ်…

ဒါကြောင့် ” ယွန်းဝင့်လွှာအောင် ” Miss Now How 2017 နှင့် ” ရွှေရူပါဦး ” Miss Equal Myanmar 2019 တို့ ( ၂) ဦးအား မိမိတို့ Missosology နှင့် Missosology Myanmar Organization တို့မှ ရာသက်ပန် တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ။