ချစ်သူနဲ့ အမှတ်တရဓာတ်ပုံလေးကို အင်္ကျီလုပ်ဝတ်ပြီး ဘယ်လောက်ထိချစ်တဲ့အကြောင်းကို သက်သေပြလာတဲ့ အိစိကွေး

0
152

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အိစိကွေးဟာ အခုဆိုရင် အသက်(၂၀) အရွယ် လူပျိုပေါက်လေးဖြစ်လို့နေပါပြီ။

အိစိကွေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးနောက်မှာတော့ အနုပညာလုပ်ငန်းတွေကို ပိုမိုအချိန်ပေးလုပ်ကိုင်လာပြီး သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေကိုလည်း ပရိသတ်တွေဆီ ချပြနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိစိကွေးကို ငယ်စဉ်ကတည်းကနေ လက်ရှိ လူပျိုပေါက်အရွယ်အထိ အချစ်မလျော့ပဲ အရင်အတိုင်း အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်

ရင်ခုန်တတ်တဲ့အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ အိစိကွေးက အခုဆိုရင် သူချစ်ရတဲ့ ချစ်သူမိန်းကလေးလည်းရှိနေပြီဖြစ်ပြီး သူ့ရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို တစွန်းတစ ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အိစိကွေးက ချစ်သူမိန်းကလေးနဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို အင်္ကျီလုပ်ဝတ်ပြီး ဘယ်လောက်ထိ ချစ်တဲ့အကြောင်းကို အခုလိုပဲ ပြသလာတာကို တွေ့ရပါတယ်။

အိစိကွေးကတော့ သူကလည်း မြတ်မြတ်နိုးနိုးချစ်သလို သူ့ကိုလည်း ဂရုတစိုက်နဲ့ အရမ်းချစ်တဲ့ ချစ်သူမိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ရေးနဲ့ ပက်သတ်ပြီး ပျော်မွေ့နေသူလေး အိစိကွေးကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။