ကမ္ဘာ့အကြီးဆုံး ဆန္ဒပြပွဲကြီး ပြုလုပ်ဖို့ တိုက်တွန်း လိုက်တဲ့ “ANONYMOUS” ဟက်ကာအဖွဲ့ကြီး

0
354

၂၈၊ ၂၊ ၂၀၂၁မှာ မြန်မာ ထိုင်း ဟောင်ကောင် အိန္ဒိယ ထိုင်ဝမ် အင်ဒိုနီးရှား စတဲ့ နိုင်ငံသားတွေပါ ကျ‌‌နော်တို့မြန်မာနိုင်ငံအတွက် ဆန္ဒပြကြမှာပါ။ MilkTeaAlliance လို့ ခေါ်ပါတယ်။ ကမ္ဘာမှာ အကြီးကျယ်ဆုံး ဆန္ဒဖော်ထုတ်ပွဲဖြစ်လာပါမယ်။

Fightingပါ။ ထုံးစံအတိုင်း ဇာတ်လိုက်ကျော်ကြီး Anonymous ကစတင်လှုံ့ဆော်ထားတာ Twitter မှာ တွေ့ရပါတယ်။ ကျနော်တို့ချည်းပဲ မဟုတ်တော့ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးက ကမ္ဘာ့ကပ်ရောဂါတစ်ခုလို အလျှင်အမြန်ကို ပျံ့နှံကူးစက်နေပြီ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေ တသားတည်း တပုံစံထဲ ဖြစ်လာနေပါပြီ။ တခုပြောချင်တာက ဆန္ဒထုတ်ဖော်တဲ့မော်ဒယ် ပုံစံတွေက သူတို့ဆီက ကျ‌နော်တို့ ကူးယူရမှာရှိသလို ကျနော်တို့ဆီက သူတို့ပြန်ကူးယူနေကြတာလည်း ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ အားလုံးရဲ့ သဘောထားက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ မတရားဖိနှိပ်ခံရမှုတွေကို တွန်းလှန်နေကြရတာပါပဲ။
အဲဒီတော့ 28.2.2021 ရက်နေ့မှာ မြန်မာနိုင်ငံတင်မဟုတ် ကမ္ဘာ့နိုင်ငံတွေပါ ပါဝင်လာပြီဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျား။

လူများများသိအောင် share ခြင်း copy လုပ်ခြင်းဖြင့် ကူညီပေးကြစေလိုပါတယ်ခင်ဗျာ။ Please!!!!!